မြန်မာသရက်သီးများ ဂျပန်၊ ယူအေအီးနှင့် ရုရှားဈေးကွက်သို့ ယခုနှစ်အတွင်း တင်ပို့နိုင်မည်

မြန်မာသရက်သီးကို ဈေးကွက်သစ်အနေဖြင့် ဂျပန်၊ ယူအေအီးနှင့် ရုရှားနိုင်ငံများသို့ ယခုဘဏ္ဍာနှစ်တွင် စတင်တင်ပို့ မည်ဟု သရက်သီးအစုအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

လှိုင်းဘွဲနှင့် ကော့ကရိတ်တွင် လူထုကိုယ်တိုင်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲလုပ်ကိုင်မည်

ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ ရန်ပုံငွေ ကျပ်သန်း ၅၃၀ ကျော်ကို ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကိုယ်တိုင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ဖို့ ကရင်ပြည်နယ်က မြို့နယ် ၂ ခုကို မဲပေး ရွေးချယ်လိုက်ပါတယ်။

ပြည်​မြို့ ပင်​လုံညီလာခံ​ထောက်​ခံပွဲ NLD နာယက ဦးတင်​ဦး တက်​​ရောက်​ပြီးငြိမ်းချမ်း​ရေး ဂုဏ်ပြုစကား​ပြောကြား

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် မေလ ၇ရက်က ပြုလုပ်သော ၂၁ ရာစုပင်လုံညီလာခံ ထောက်ခံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးတက်ရောက်၍ ငြိမ်းချမ်းရေး ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အဟန့်အတားဖြစ်စေ၍ တိုက်ပွဲများ ရပ်တန့်ရန်လိုဟု CSSU ထုတ်ပြန်

လတ်တလော ဆက် လက်ဖြစ်ပွားနေသော တိုက်ပွဲများ သည် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းစဉ်ကို အ ဟန့်အတားဖြစ်စေ၍ အပြန်အ လှန်ယုံကြည်မှုနှင့် အမျိုးသား ရင်ကြားစေ့ရေးတည်ဆောက်နိုင် ရန် ပစ်ခတ်တိုက်ခိုက်မှုများ ရပ် တန့်ရန် လိုအပ်ကြောင်း ရှမ်းတိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ များ၊ ရှမ်းနိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်ညီ ညွတ်ရေးကော်မတီ (CSSU) က ထုတ်ပြန်သည်။

စာရေးဆရာလင်းယုန်မောင်မောင် အောက်မေ့ဖွယ်အထိမ်းအမှတ်ပွဲ ကျင်းပ

မြန်မာစာပေလောကမှာ လူသိများထင်ရှားတဲ့ စာရေးဆရာ လင်းယုန်မောင်မောင် ကွယ်လွန်ခြင်း ၁၅နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ သံဈေး Yangon Book Plaza မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ် ဖွံ့ဖြိုးရေးအတွက် ငွေကျပ် သိန်း ၂၃၀၀ကျော် သုံးမည်ဟုဆို

ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့တွင် မြို့သာယာရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း လုပ်ငန်းများသုံးစွဲမှု အနေဖြင့် ငွေကျပ်သိန်း ပေါင်း ၂၃ဝဝ ကျော်သုံးမည်ဟု မေ ၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

UNFC မှ နုတ်ထွက်ရန် စာတင်ထားဟု ကေအိုင်အိုအတည်ပြု

ညီညွတ်သော တိုင်းရင်း သားလူမျိုးများဖက်ဒရယ်ကောင် စီ(UNFC)မှ နုတ်ထွက်ရန် စာတင် ထားကြောင်း ကချင်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (KIO)ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဘုရင်မကြီးတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် နှင့်ဗြိတိန်ဘုရင်မကြီး အဲလိဇ ဘတ်-၂ တို့သည် မေလ ၅ ရက် က ဘက်ကင်ဟမ်နန်းတော်တွင် တွေ့ဆုံခဲ့သည်။

ဦးဝင်းထိန် ပြောစကား စွပ်စွဲတာ မပါဘူးလို့ တုန့်ပြန်

နေပြည်တော်(မေလ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ လူမှုကွန်ယက် ဖေ့စ်ဘွတ်ပေါ်တွင် NLD နှင့်ပတ်သက်ပြီး သတင်းမှားများ ဖြန့်ချိနေမှုအပေါ် ၎င်း၏ ပြောဆိုချက်များသည် တပ်မတော်ကို စွပ်စွဲခြင်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။